(၇၈)နှစ်​မြောက် ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲကျင်းပ

ကျိုက်မရော ဖေဖော်ဝါရီ ၁၁

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈)နှစ်မြောက်  ပြည်ထောင်စုနေ့အကြို အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နေ့လယ် (၁)နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ပြုလုပ်သည်။

အခမ်းအနားတွင် (အ.ထ.က) ခွဲ ကျိုက်မရော ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်ထောင်စုစိတ်ဓာတ်နှင့် စည်းလုံးညီညွတ်ခြင်းအကြောင်းကို ပညာပေးဟောပြောခဲ့သည်။

ထို့နောက် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ကဗျာ၊ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ပြီး ပြည်ထောင်စုနေ့နှင့်ပတ်သက်သော နံရံကပ်စာစောင်၊ ဓါတ်ပုံများကို ခင်းကျင်းပြသထားရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ကျိုက်မရော(ပြန်/ဆက်)