ဘီးလင်းမြို့နယ်ရုံး Community Centre ခန်းမ၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲပြုလုပ်

ဘီးလင်း ဖေဖော်ဝါရီ ၁၁

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်ချိုဝင်းက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပက်သတ်၍ အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ်အဖြစ် ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီစာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။

ယင်းနောက် ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ သုတ၊ ရသစာအုပ်များ အသိပညာပေးနံရံကပ်စားစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)