သင်္ဃန်းကျွန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုဟောပြောပွဲနှင့် လက်ကမ်းစာ‌စောင်များ ဖြန့်ဝေကျင်းပ

သင်္ဃန်းကျွန်း ဖေဖော်ဝါရီ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အကြိုဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်လှလှနွယ်က ကျောင်းသား၊ ကျောင်းသူများ ယခုပညာသင်ယူချိန်မှစလို့ ဘဝတစ်လျှောက်လုံး အောင်မြင်ကြပြီး စာတတ်သူနှင့် စာဖတ်သူများဖြစ်ကြစေရန် လူတိုင်းအောင်မြင်ကြစေ ခေါင်းစဉ်ဖြင့် အသိပညာပေးဟော‌ပြောခဲ့ပြီး စာရေးဆရာမ ပေါက်ပေါက်က ပြည်ထောင်စု‌နေ့ ဖြစ်ပေါ်လာပုံ၊  မြန်မာနိုင်ငံနှင့် ပြည်ထောင်စုစိတ်ဓာတ်၊ အင်္ဂလိပ်လက်အောက်ကျရောက်ချိန်တွင်  တိုင်းရင်းသားစည်းလုံးညီညွတ်မှုများနှင့် နောက်ခံသမိုင်းကြောင်းများကို အကျယ်တ၀င့် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအား (၇၈)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် လက်ကမ်းစာ‌စောင်များဖြန့်ဝေခဲ့ပြီး သုတ၊ ရသ စာအုပ်များ ခင်းကျင်းပြသရာ စိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သိန်းအောင်(ပြန်/ဆက်)