ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်း၊ ၉၁ လမ်းရှိ တိုင်းလူမှုဖူလုံရေးရုံး ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က လူမှုဖူလုံရေးအကျိုးခံစားခွင့်ရရှိသူများသို့ အကျိုးခံစားခွင့်ငွေများ ထုတ်ပေးခြင်းအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြည်ကြီးတံခွန်မြို့နယ်၊ လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသည့် ချမ်းမြသာစည်မြို့နယ်ရှိ Denko Tranding Co,Ltd မှ အာမခံအလုပ်သမားဖြစ်သူ ဦးရှိုန်းကိုကို (ယာဉ်မောင်း)၊ လုပ်ငန်းခွင်ထိခိုက် ဒါဏ်ရာရရှိမှုကြောင့် သေဆုံးခဲ့ရခြင်းအတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်၊ အဆ (၃၀)၊ (ငွေလုံးငွေရင်း) ခွင့်ပြုငွေကျပ် ၅၁၀၀၀၀၀/ (ကျပ်ငါးဆယ့်တစ်သိန်းတိတိ-)နှင့် NTT သစ်အချောထည်စက်ရုံမှ အာမခံအလုပ်သမား ဦးစည်သူထွန်း အလုပ်တွင် ထိခိုက်မှုကြောင့် အမြဲတမ်းမသန်စွမ်းမှု အကျိုးခံစားခွင့်ငွေ ၁၈၆၂၇၈၄/ (ကျပ်တစ်ဆယ့်ရှစ်သိန်းခြောက်သောင်းနှစ်ထောင့်ခုနှစ်ရာရှစ်ဆယ့်လေးကျပ်တိတိ) စုစုပေါင်းခွင့်ပြုငွေ ၆၉၆၂၇၈၄/ (ခြောက်ဆယ့်ကိုးသိန်းခြောက်သောင်းနှစ်ထောင့်ခုနှစ်ရာ ရှစ်ဆယ့်လေးကျပ်တိတိ) အား တိုင်းဒေသကြီးတာ၀န်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက ပေးအပ်ခဲ့ရာ ကျန်ရစ်သူမိသားစုများနှင့် သက်ဆိုင်ရာအာမခံအလုပ်သမားတို့က အသီးသီး လက်ခံရယူခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့