ပင်လုံ ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာကျောင်းများပူးပေါင်း၍ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဉာဏ်ရည်ထက်မှာတွေ့အောင်ရှာ ဉာဏစွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အိမြတ်နိုးသူက ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် ပြိုင်ပွဲအားစတင်ယှဉ်ပြိုင်ခဲ့ပြီးယှဥ်ပြိုင်ကြသည့် ကျောင်းသား/ကျောင်းသူလေးများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့ပါသည်။
ထိုသို့ ဥာဏ်ရည်ထက်မှာတွေ့အောင်ရှာ ဥာဏစွမ်းရည်ပြိုင်ပွဲအားဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသားလူငယ်လေးများအား မျက်စိလျင်စေခြင်း၊ စကားလုံးတွေတိုးတက်စေခြင်း၊ ဥာဏ်ရည်ထက်မြက်စေခြင်း၊ ပျော်ရွင်ထက်မြက်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိစေလို၍ ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။
(ပြန်/ဆက်)