ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမင်းသိန်းထွန်းသည်၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များလိုက်ပါလျက် ဖေဖော်ဝါရီ ၉ ရက်နေ့နံနက် (၁၁)နာရီက ကျောက်ပန်းတောင်းမြို့ စံပြရပ်ကွက်ရှိ လူနေအိမ်များနှင့် ထူးစက်သုံးဆီအရောင်းဆိုင်တို့ကိုဝင်ရောက်စစ်ဆေးခဲ့ကြပြီး၊ မီးဘေးကြိုတင်ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာထားရှိရေး၊ မီးလောင်လွယ်သည့်ပစ္စည်းများနှင့် အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားထားရေးတို့ကို လှည့်လည်စစ်ဆေး အကြံပေးခဲ့ကြသည်။
ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိန်းထွန်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် အဖွဲ့ဝင်များသည်၊ စံပြရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်လင်းနှင့်နယ်မြေမှူးများလိုက်ပါလျက် ရပ်ကွက်အတွင်းရှိ လူနေအိမ် ၁၆၀၊ အိမ်ထေင်စု ၁၈၆ စုမှ လူဦးရေ ၇၂၀ ခန့်တို့အား မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် မီးဘေးကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများဖြစ်သည့် သဲ၊ ရေ၊ လှေကား၊ မီးချိတ်၊ မီးကတ် အစရှိသည်များနှင့် မီးဖိုချောင်အတွင်း သန့်ရှင်းစွာထားရှိရေး၊ မီးလောင်လွယ်သည့်ပစ္စည်းများဖယ်ရှား ရှင်းလင်းရေးတို့ကို အကြံပြုဆွေးနွေးခဲ့ကြပြီး၊ ရပ်ကွက်အတွင်းရှိ မီးသတ်ရေကန်များတွင် ရေလုံလောက်စွာ ဖြည့်တင်းထားရှိမှု ရှိ/မရှိတို့ကို စစ်ဆေးကြသည်။ ယင်းနောက် ခရိုင်ဦးစီးမှူးနှင့်အဖွဲ့သည် ဘူတာ ရပ်ကွက်ရှိ ထူး စက်သုံဆီအရောင်းဆိုင်သို့ ရောက်ရှိကြပြီး၊ မီးဘေးကြိုတင်ကာကွယ်ရေး သတ်မှတ် စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိနှင့် မီးသတ်ဆေးဘူးများ သက်တမ်း မှန်ကန်မှု ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)