ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၁
အနာဂတ်၏ လူငယ်များ ထူးချွန်ထက်မြက်၍ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မန္တလေးတိုင်း ဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများကို အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင် ကျောင်းများနှင့် ဘ/ကကျောင်းများတွင် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉:၃၀) နာရီအချိန်က လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ထွန်းရတနာကိုယ်ပိုင်အထက်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ထွန်းရတနာကိုယ်ပိုင် အထက်တန်းကျောင်း၊ စီမံအုပ်ချုပ်သူ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်ရီစိန်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်း၀င်းက လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး ခေါင်းစဉ်များဖြင့် ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ ဟောပြောပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းနှင့် ဝန်ထမ်းများ၊ စီမံအုပ်ချုပ်သူ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်ရီစိန်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့