ခိုလမ် ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုရေးနေ့ အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ရွှေစေတီဘုရားဝင်းအတွင်း ကျင်းပခဲ့သည်။
အဆိုပါ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း (၈) သင်းဝင်ရောက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယနေ့ နံနက်ပွဲစဉ်အဖြစ် (ပုဂံသား) အသင်းနှင့် (အမွှာညီနောင်) အသင်းတို့ ယှဉ်ပြိုင်ကစား လျက်ရှိကြောင်း သိရသည်။
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အားကစားပွဲစဉ်များတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ချော်တိုင်တက်၊ သံပုန်းရိုက်၊ ရေလျောပြိုင်ပွဲတို့ကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်းထွန်း (ပြန်/ဆက်)