အောင်မြေသာစံ ဖေဖော်ဝါရီ ၁၁
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်ပိုင်းက လူငယ်စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလူငယ်စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီး ဦးစီးမှူးဒေါ်မြင့်မြင့်သန်းနှင့် မြို့နယ်စာရေးဆရာအသင်းနာယက ဦးကံလှ(စာရေးဆရာ-မောင်ခိုင်ဖြိုး)တို့က အမှာစကားပြောကြားကြသည်။
အစီအစဉ်အရ အ.ထ.က(၄)၊ Grade-11(A)ကျောင်းသူ မရွှေဇင်ထွန်းက “လူငယ်နှင့်အောင်မြင်ခြင်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ-ထ-က(၁)၊ Grade-11 ကျောင်းသား မောင်မင်းခန့်ကိုကိုက “လူငယ်နှင့်တာဝန်သိမှု”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ-ထ-က(၄)၊ Grade-9(A) ကျောင်းသူ မဇင်မေဖူးက “လူငယ်နှင့်အမှား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ-ထ-က(၁)၊ Grade-11(A)ကျောင်းသား မောင်စိုင်းကောင်းဆက်အောင်က “လူငယ်နှင့်စူးစမ်းစိတ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ဆွေးနွေးကြရာ တက်ရောက်လာကြသာ ကျောင်း သား၊ ကျောင်းသူများက ပါဝင်ဖြည့်စွက်ဆွေးနွေးကြပြီး မြို့နယ်စာရေးဆရာ အသင်းဝင်များဖြစ်ကြသော စာရေးဆရာ ဦးလေးမောင်(တရားလွှတ်တော်ရှေ့နေ)နှင့် ဦးမြင့်သိန်း (မြင့်သိန်း_ပညာရေး)တို့က ခြုံငုံသုံးသတ်ဆွေးနွေးပေးကြသည်။
အခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်းဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်စံပယ်၊ ဦးစီးအရာရှိ ဦးမျိုးမြင့်အောင်၊ ဒုတိယဦးစီးမှူး ဒေါ်တင့်တင့်ရွှေနှင့် ဝန်ထမ်းများ၊ အမှတ် ၁၊ ၄၊ ၉ နှင့် ၁၀ အခြေခံပညာအထက်တန်း ကျောင်းများမှ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)