ပင်လုံမြို့ မဟာရဌာဘိသာမဂ္ဂီစေတီတော်ဝန်းအတွင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ပင်လုံ ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့ရှိ မဟာရဌာဘိသာမဂ္ဂီစေတီတော်ဝန်းအတွင်း၌ ယနေ့နံနက် (၁၀) နာရီအချိန်က  စုပေါင်းသန့်ရှင်းရေးကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့ပေါ်ရပ်ကွက်နေ ပြည်သူများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

ထိုသို့ ဆောင်ရွက်ရာတွင် ပင်လုံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများပူးပေါင်း၍ (၁၈) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေးအတွက် စေတီတော်ဝန်း အတွင်း/အပြင်၌ သောက်တော်ရေချမ်းများ၊ ဘုရားပန်းများ၊ သစ်သီးများ လှဲလှယ်ကပ်လှူခြင်း၊ တံမြက်စည်းလှဲခြင်း၊ ကြမ်းခင်းများ ဆေးကြောခြင်းနှင့် အမှိုက်သရိုက်များအား ရှင်းလင်းဖယ်ရှားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)