မိုင်းပျဉ်းမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မိုင်းပျဉ်း ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် ကဗျာနှင့်စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက မိုင်းပျဉ်းမြို့ ၊ မြို့နယ်ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲကို မိုင်းပျဉ်းမြို့နယ် ဒုမြို့နယ်ပညာရေးမှူး ဦးကျော်လွင်က ဦးစီးကျင်းပ၍ မိုင်းပျဉ်းမြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ များက ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး ကဗျာဝင်ရောက်ယှဉ်ပြိုင်သူ (၁၃)ဦးနှင့် စာစီစာကုံးဝင်ရောက်ယှဉ်ပြိုင်သူ (၂၂)ဦး စုစုပေါင်း (၃၅) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သတင်းရရှိသည်။

နန်းသန္တာဦး(ပြန်/ဆက်)