မိုင်းတုံ ဖေဖော်ဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာသင်ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများသို့ အခမဲ့လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင်(၇၈)နှစ် မြောက်ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ၁၂-၂-၂၀၂၄ ရက်နေ့ (၇၇)နှစ် မြောက်ပြည်ထောင်စုနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်၊ ပြည်ထောင်စုကိုကာကွယ်စို့၊ ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့ကြသူများ၊ ၁၂-၂-၁၉၄၇ ရက် ဗိုလ်ချုပ်အောင်ဆန်လက်မှတ် ရေးထိုးစဉ်(မှတ်တမ်းဓာတ်ပုံ)၊ စည်းလုံးခြင်းအင်အား တိုင်းပြည်အကျိုးစီးပွား၊ ၂၀၂၅ခုနှစ် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားဦးတည်ချက်များ၊ ဆောင်ပုဒ်များ၊ ကာတွန်းများ စသည့်အကြောင်းအရာများကို ဖော်ပြထားကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)