လဲချားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကာယစွမ်းရည်ပြိုင်ပွဲကျင်းပ

လဲချား ဖေဖော်ဝါရီ ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အကြိုကာယစွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဦးစီးအရာရှိ ဒေါ်ခင်ချိုထွေးက ကျောင်းသား၊​ ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတ တိုးပွားစေရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်မှုရှိစေရန်၊ စာကြည့်တိုက်အား ရင်းနှီးကျွမ်းဝင်မှုရှိလာ​စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန်ရည်ရွယ်၍ အခြေခံပညာကျောင်းများကို အလှည့်ကျစနစ်ဖြင့် ယခုလိုပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီး ကာယနှင့်သက်ဆိုင်သည့် ကစားနည်းများဖြင့် ပြိုင်ပွဲများ ပြုလုပ်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၃၇) ဦး ပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။

ခင်ချို(လဲချား)