မြစ်သားမြို့နယ်တွင် အငြိမ်းစားပင်စင်ယူသွားဝန်ထမ်းများအား မိသားစုပင်စင်ချီးမြှင့်ငွေများ ပေးအပ်

မြစ်သား ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အငြိမ်းစားပင်စင်ယူသွားသည့် ပညာရေးဝန်ထမ်း (၃)ဦးအား (၉၆) ကြိမ်မြောက် မိသားစုပင်စင် ချီးမြှင်ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က မြစ်သားမြို့နယ် ပညာရေးမှူးရုံးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

ချီးမြှင့်ငွေများ ပေးအပ်ရာတွင် မိသားစုပင်စင် အသင်းဝင် (၁၂၁၄) ဦးတို့မှ ပင်စင်ရရှိကြသည့် မြစ်သားမြို့ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်းမှ အလယ် တန်းပြဆရာကြီး ဦးသောင်းမြင့်၊ ပေတောပရဟိတ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဖြူနှင့် ကျီတော်ကုန်း (မူလွန်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်သန်းဦးတို့(၃)ဦးအား တစ်ဦးလျှင် ချီးမြင့်‌ငွေကျပ် ၁၇၇၄၀၀၀ိ/-ဖြစ်ပြီး အငြိမ်းစားဝန်ထမ်း (၃)တို့အတွက် စုစုပေါင်း ချီးမြင့်ငွေ ကျပ် ၅၃၂၂၀၀၀/-အား တာဝန်ရှိသူများက ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိသားစုပင်စင်ကို (၂၀၁၇)ခုနှစ်၊ ဇန်နဝါရီ (၁) ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ပြီးယနေ့အထိ အငြိမ်းစားဆရာ၊ ဆရာမကြီးများအားအား ချီးမြှင့်ငွေများ ပေးအပ်ခြင်းကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း မိသားစုပင်စင်အသင်းဝင် ငါးဆူကျောင်းအုပ်ဆရာကြီး ဦးဇော်သိန်းထံမှ သိရသည်။

ဝါဝါမြင့် (မြစ်သား)