လူထုအခြေပြုဗဟိုဌာန (ပျဉ်းမနား)၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

ပျဉ်းမနား ဖေဖော်ဝါရီ ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံးရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre ၌ (၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို  ယမန်နေ့ နံနက်ပိုင်းက ကျင်းပသည်။

ရှေးဦးစွာ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က (၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် စာရေးဆရာ အိုင်ပီမျိုးအောင်က ပြည်ထောင်စုနေ့အကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးပြီး စာရေးဆရာ နွေဦးကိုကိုက ကျပန်းစကားပြောပြိုင်ပွဲဆိုင်ရာ အမှတ်ပေးစည်းမျဉ်းများကို ရှင်းလင်းပြောကြားကာ ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျပန်းစကား ပြောပြိုင်ပွဲကိုကျင်းပသည်။

ယင်းနောက် ပြိုင်ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသူများအား ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ/ဆရာမများအား (၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက ပြည်ထောင်စုနေ့ အထိမ်းအမှတ် နံရံကပ်ပြဘုတ်များနှင့် ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များကို စိတ်ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ 

မျိုးသီဟ(ပြန်/ဆက်)