မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ရပ်ကွက်များသို့ ကွင်းဆင်းစစ်ဆေး‌ခြင်းနှင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

ချမ်းမြသာစည် ဖေဖော်ဝါရီ ၁၁

ပူပြင်းခြောက်သွေ့သော ရာသီအချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်၍ ချမ်းမြသာစည်မြို့နယ်၊ မီးသတ်ဦးစီးဌာနသည် မြို့နယ်အတွင်း မီးလောင်မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးများ ကွင်းဆင်းစစ်ဆေး‌ဆောင်ရွက်ခြင်းနှင့် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများကို ရပ်ကွက်များအတွင်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ မြရည်နန္ဒာရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင်  ပြည်သူများ မီးဘေးလုံခြုံရေးအတွက် လျှပ်စစ်မီးသုံးစွဲမှု စနစ်တကျ ရှိစေရေး၊ လူနေအိမ်များအတွင်း တရားမဝင်လောင်စာဆီများ သိုလှောင်မှုမရှိရေး၊ နေအိမ်ခြံဝင်းများအတွင်း လောင်စာအမှိုက်များ စုပုံထားမှုမရှိရေး၊ အရေးပေါ်ရှေးဦး မီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သော မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ လှေကား၊ မီးသတ်ဆေးဘူးများ ဆောင်ရွက်ထားရှိရေး၊ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး၍ အသိပညာပေးခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ယမန်နေ့ ညပိုင်းတွင်လည်း အောင်ပင်လယ်ရပ်ကွက်နှင့် ကန်သာယာရပ်ကွက်များရှိ ပြည်သူများ၊ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးအတွက် မီးဘေးအန္တရာယ် အသိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းရာသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုး ဦးဆောင်၍ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့