စပါယ်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ Steel Structure တစ်ထပ် စာသင်ကျောင်းဆောင် (၃၈)ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး

ကျောက်ဆည် ဖေဖော်ဝါရီ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ စပါယ်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနိုင်ရေး (၂၀၂၄-၂၀၂၅) ဘဏ္ဍာနှစ်တွင် Steel Structure  စာသင်ကျောင်းဆောင်အသစ်(၁)ဆောင် ဆောက်လုပ်ပေးလျက်ရှိရာ (၃၈)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

စပါယ်တောကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် (၂၀၂၄-၂၀၂၅) ပညာသင်နှစ်တွင် KG တန်း၌ ကျောင်းသား/ ကျောင်းသူ(၁၆)ဦး၊ Grade-1 အတန်း၌ (၃၂)ဦး၊ Grade-2 အတန်း၌ (၃၈)ဦး၊ Grade-3 အတန်း၌(၃၆)ဦး၊ Grade-4 အတန်း၌(၁၅)ဦး၊ Grade-5 အတန်း၌(၂၃)ဦး စုစုပေါင်း ကျောင်းသား/ ကျောင်းသူ (၁၆၀)ဦး ပညာသင်ကြားလျက်ရှိကြောင်းနှင့် အဆိုပါကြောင်းအား ၁၉၇၈ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အသစ်ဆောက်လုပ်ပေးသော ကျောင်းဆောင်သစ်သည် ကျောင်းစတင်ဖွင့်ချိန်က ဆောက်လုပ်ခဲ့သည့် (၅၆x၃၂x၁၂)ပေ အန္တရာယ်ရှိ ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်းပြီး နိုင်ငံတော်မှ ခွင့်ပြုရန်ပုံငွေ (၃၁၇.၂၄၇) ကျပ်သန်း အကုန်အကျခံကာ Steel Structure  စာသင်ကျောင်းဆောင် အသစ် (၁)ဆောင် အစားထိုးထပ်မံဆောင်လုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သက်မောင် (ပြန်/ဆက်)