ကွမ်းခြံကုန်း ဖေဖေါ်ဝါရီ ၁၁
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့၊ မြို့မရပ်ကွက်ရှိ ပဒုမ္မာလမ်းကွန်ကရိလမ်းသစ်ဖွင့်ပွဲကို ဖေဖေါ်ဝါရီ ၉ ရက်နေ့နံနက်ပိုင်းတွင် အဆိုပါ လမ်းသစ်မုခ်ဦးရှေ့တွင် ကျင်းပရာဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တွံတေးခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများတက်ရောက်ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကွမ်းခြံကုန်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမိုးကျော်မှ ကွန်ကရိလမ်းအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့ပြီးဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း၊ တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးညွှန့်နွယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြိုနယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဦးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးမိုးကျော်တို့မှ ကွန်ကရိလမ်းသစ်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကွန်ကရိလမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ ကွန်ကရိလမ်းသစ်သည် လမ်းအရှည်(၁၃၆၀)ပေ၊ အကျယ်(၁၆)ပေနှင့် (၉)လက်မထုရှိကာ (၂၀၂၄-၂၀၂၅)ခုနှစ်၊ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေကျပ် (၁၄၈.၁၉၀) ကျပ် သန်းဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်းသိရပြီး၊ ရဟန်းရှင်လူပြည်သူများ သွားလာမှုလွယ်ကူအကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆွေနွယ်(ပြန်/ဆက်)