ဝမ်းတွင်း ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၌ လူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်းကို ယမန်နေ့က ဒိုင်ကောင်းကုန်းကျေးရွာ၊ ရွာရှည်ကျေးရွာ၊ ကိုင်းကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်အတွင်း လူဦးရေစာရင်းမှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစိစစ်ခြင်းကို မြို့နယ်ဦးစီးမှူး ဦးစိုးမင်း ဦးဆောင်မှုဖြင့် ဒုလဝကမှူး ဒါ်စန္ဒီဖုန်းမြင့်၊ လ/ထလဝကမှူး ကျော်ဇင်မင်းသူ၊ လ/ထလဝကမှူး ဒေါ်ယဥ်မင်းအေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်း၊ ရပ်မိရပ်ဖများ၊ ရာအိမ်မှူးများနှင့်အတူ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးစိုးမင်းက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)