ခိုလမ် ဖေဖေါ်ဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ အ-ထ-ကကျောင်းတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနိုင်စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ မီးဘေးကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များမှ ကျောင်းသား/သူများ စာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရန် မီးလောင်မှု/မီးလန့်မှုများ မဖြစ်ပေါ်စေရေး အထူးဂရုပြုနိုင်စေရန်၊ အရေးကြီးရုံးဌာနပိုင်ပစ္စည်းများ၊ စာရွက်စာတန်းများ ပျက်စီးဆုံးရှံးမှုမရှိစေရန်၊ မီးလောင်ကျွမ်းလျှင် ဆောင်ရွက်ရမည့် မီးငြှိမ်းသတ်မှုများနှင့် မီးသတ်ဆေးဗူးကိုင်တွယ်အသုံးပြုပုံများ၊ လျှပ်စစ်မီးကြိုးများ သွယ်တန်းထားရှိမှုနှင့် ပတ်သက်၍ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ပြီး မီးဘေးလုံခြုံရေးအတွက် လိုအပ်သည်များကို ဖြည့်စွက်ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)