မိုးနဲမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အလွတ်တမ်းစနူကာပြိုင်ပွဲ ကျင်းပ

မိုးနဲ ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား အလွတ်တမ်းစနူကာပြိုင်ပွဲကို ဗိုလ်လုပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က လွိုင်မြေရပ်ကွက်ရှိ (7 Star) စနူကာ လေ့ကျင့်ရေးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲကို လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ် ပိုမိုအသက်ဝင်ယုံကြည်လာခြင်းမှသည် တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာပြီး အားကစားကို စိတ်ပါဝင်စားသည့် ကျန်းမာကြံ့ခိုင်သော လူငယ်လူငယ်များပေါ်ထွက်လာစေရန် အားကစားကိုလိုက်စားခြင်းဖြင့် ထူးချွန်ထက်မြက်သည့် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ကျင်းပပေးခဲ့ခြင်းဖြစ်ပြီး စနူကာပြိုင်ပွဲသို့ ၁၂ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ဗိုလ်လုပွဲတွင် ဆုရရှိသည့် အဖွဲ့များအား (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)