ပင်လုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကျင်းပ

ပင်လုံ ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ​ ဟောပြောပွဲနံရံကပ်စာစောင်ပြပွဲ၊ စာအုပ်​ပြပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက​ ကျောင်းသားလူငယ်များအား နေ့ထူးနေ့မြတ်များကို အစဥ်သတိရစေရန် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ တောင်တန်းပြည်မ မခွဲခြား တစ်သားထဲအမြဲရှိနေသည့် တိုင်းရင်းသားများအားလုံး၏ စည်းလုံးညီညွတ်မှုများကို သိရှိနားလည်စေရန်နှင့် မျိုးချစ်စိတ်ဓာတ်များ အမြဲရှင်သန်နေစေရန်အတွက် ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံခေါင်းစဥ်ဖြင့်လည်းကောင်း၊ ကျောင်းစာများအပြင် ပြင်ပဗဟုသုတများရရှိစေရန်၊ စာအုပ်စာပေများ လေ့လာဖတ်ရှုခြင်းကြောင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို ဟောပြော၍ ပုံပြင်ပြောခြင်း၊ ကျောင်းသား/ကျောင်းသူလူငယ်များအား စိတ်ကူးစိတ်သန်းကောင်းများနှင့် ကာယ၊ ဉာဏများဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အပြန်အလှန်မေးခွန်းများ မေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များအား စိတ်ဝင်တစားဖတ်ရှုခဲ့ကြပြီး ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်တွင်ပြသထားသော ပြည်ထောင်စုနေ့သမိုင်းအကျဥ်း၊ ပြည်ထောင်စုနေ့အမျိုးသားရေးဦးတည်ချက်များ၊ အားကစားပြိုင်ပွဲပုံများနှင့် မြို့နယ်တွင်းလှုပ်ရှားမှုမှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)