မိုင်းပန် ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ လျှပ်စစ်မီးမရသည့် ကျေးရွာနေပြည်သူများ အဆင်ပြေစေရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်သည့် ကိုးရီးယား-မြန်မာ ပရောဂျက်ဖြင့် မီးဖိုများပေးအပ်ပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အဆိုပါ မီးဖိုများပေးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများမှ လျှပ်စစ်မီးမရသည့် ကျေးရွာနေပြည်သူများအတွက် မီးဖို (၁၈၆၉) လုံးအား သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများထံပေးအပ်ခဲ့ပြီး အိမ်ထောင်စုတစ်စုလျှင် မီးဖို(၁)လုံးကျေးရွာနေပြည်သူများအတွက် ပြန်လည်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)