ထန်းတပင်(ရန်ကုန်) ဖေဖော်ဝါရီ ၉
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာသာသနာ့ဗိမာန်တော်ကြီးတွ င်မြို့နယ်သံဃနာယကအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို၍ အစည်းအဝေးကိုစတင်ခဲ့ကြပြီး အစည်းအဝေးတွင် သဘာပတိ တိုက်ကြီးမြို့နယ် မင်းကျောင်းကြီးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တကောဝိဒက အဖွင့်သြဝါဒကထာကို မြွတ်ကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်နိုင်ဦးက သာသနာရေးဆိုင်ရာများကို လျှောက်ထားခဲ့ပြီး အခမ်းအနားမှူး ဆရာတော်က အနားယူခြင်းဆိုင်ရာ လုပ်ငန်းစီမံချက်အရ အနားယူမည့် ဆရာတော်များ၏ဘွဲ့အမည်စာရင်းကို ကြေညာခဲ့သည်။
၄င်းနောက် ပြန်လည်ရွေးချယ်နိုင်ရန်အတွက် မူလသတ်မှတ်ထားသည့် သက်ဆိုင်ရာနယ်မြေအလိုက် ဘွဲ့အမည်စာရင်းကို မြို့နယ်သံဃာ့ဝန်ဆောင်ဆရာတော်များက တင်သွင်းခဲ့ကြပြီး တင်သွင်းသည့် ဘွဲ့အမည်စာရင်းများကို တက်ရောက်လာကြသည့် ဆရာတော်များက ထောက်ခံခဲ့ကြသည်။
ထို့နောက် သဘာပတိဆရာတော်က အစားထိုးရွေးချယ်ခံရသည့် မြို့နယ်သံဃာ့နာယကဆရာတော် ဘွဲ့အမည်စာရင်းများကို မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေးသို့ တင်သွင်းအတည်ပြုကာ သံဃာ့အဖွဲ့အစည်းလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းလျှောက်ထားခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)