မိုင်းဖြတ် ဖေဖော်ဝါရီ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ချောင်းအနီးရှိ စိုက်ပျိုးမြေများ ရေကြီးရေလျှံလွှမ်းမိုးမှုမှ ကာကွယ်ရန်အတွက် နမ့်မယ်ဟုတ်ချောင်း လက်ဝဲဘက်ချောင်းဘောင်ကျိုးပေါက်မှု ပြုပြင်နေသည့်အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှမျိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်များသည် မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့် ပြည်နယ်အစိုးရအထွေထွေပိုလျှံရန်ပုံငွေ (၆၀) ကျပ်သန်းဖြင့် အလျား ၁၀၀၀ ပေ၊ အောက်ခြေအကျယ် ၆၀ ပေ၊ အနက် ၆ ပေအတိုင်းအတာရှိ နမ့်မယ်ဟုတ်ချောင်း လက်ဝဲဘက်ချောင်းဘောင် ကျိုးပေါက်မှု ပြန်လည်ပြုပြင်ခြင်လုပ်ငန်း(အပိုင်း-၁)ကို ကြည့်ရှုစစ်ဆေးခဲ့ရာ ဦးစီးအရာရှိ(မြို့ပြ)ဦးဇော်မင်းဦး၊ ကြီးကြပ်အင်ဂျင်နီယာ ဒုတိယဦးစီးမှူး(မြို့ပြ) ဦးကောင်းမြတ်ဇော်တို့မှ လုပ်ငန်းများ ဆောင်ရွက်နေသည့် အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောက်ရွက်ပြီးစီးပါက မိုင်းဟဲကျေးရွာအုပ်စုအတွင်းရှိ ဒေသခံတောင်သူများ၏ လယ်မြေများသည် မိုးရာသီကာလများတွင် နှစ်စဥ်ဖြစ်ပေါ်နိုင်သည့် လယ်ယာစိုက်ပျိုးမြေများ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)