ကျိုင်းတုံမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများ ကျင်းပ

ကျိုင်းတုံ ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ယနေ့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အခြေခံပညာအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးနှင့် ပန်းချီပြိုင်ပွဲများကို မြို့နယ်ပညာရေးမှူးရုံးတွင် ကျင်းပခဲ့သည်။

ထိုသို့ယှဉ်ပြိုင်ကြရာ ကျိုင်းတုံမြို့နယ်အတွင်း အခြေခံပညာကျောင်းများမှ စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ၈ ဦး၊ လယ်တန်းအဆင့် ၁၁ ဦး၊ မူလတန်းအဆင့် ၁၁ ဦး၊ ပန်းချီပြိုင်ပွဲတွင်  အထက်တန်းအဆင့် ၇ ဦး၊ လယ်တန်းအဆင့် ၁၂ ဦး၊ မူလတန်းအဆင့် ၁၀ ဦး၊ ကဗျာပြိုင်ပွဲတွင် အထက်တန်းအဆင့် ၉ ဦး၊ လယ်တန်းအဆင့် ၈ ဦး၊ ဆောင်းပါးပြိုင်ပွဲတွင် အထက်တန်းအဆင့် ၈ ဦး၊ လယ်တန်းအဆင့် ၄ ဦး စုစုပေါင်း ၈၅ ဦး ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)