ခိုလမ်မြို့တွင် (၇၈)နှစ်မြောက် ပြည်‌ထောင်စုနေ့အထိမ်းအမှတ်  အားကစားပြိုင်ပွဲများ ကျင်းပ

ခိုလမ် ဖေဖော်ဝါရီ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ရွှေစေတီဘုရားဝင်းအတွင်း ကျင်းပခဲ့သည်။

အဆိုပါ ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းစိုးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ပြီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းမှစတင်၍ ပြိုင်ပွဲဝင်အသင်း (၁၁)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး  ပထမပွဲစဉ်အဖြစ် ( S.S.D.C)အသင်းနှင့် (Hmoob) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည်။

ထိုသို့ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အားကစားပွဲများကျင်းပရာတွင် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်‌ကျော်ခြင်းပြိုင်ပွဲ၊ ချောတိုင်တက်၊ သံပုန်းရိုက်၊‌ ရေလျောပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 နေလင်းထွန်း(ပြန်/ဆက်)