ကျောက်တန်းမြို့နယ် မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အသိပညာ​ပေးဆောင်ရွက်

ကျောက်တန်း ဖေဖော်၀ါရီ ၉

သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေး အသိပညာ​ပေးဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီ လ ၆ ရက်နေ့နံနက် ၉ အချိန်မှ  ၁၁  အချိန်အထိ ကျောက်တန်းမြို့၊ ဆင်ကန်ရပ်ကွက်အတွင်း မီးလန့်မှု/မီးလောင်မှုများ မဖြစ်ပွားစေရေးအတွက် အိမ်​ခြေ(၁၂၀)ကို တစ်အိမ်တက်ဆင်း မီးဘေးကြိုတင်ကာကွယ်​ရေး အသိပညာပေးခြင်းအား ကျောက်တန်းမြို့နယ်မီးသတ်ဦးစီး ဌာနမှ မီးသတ်တပ်ကြပ်ကြီး ဝေလွင်ကြည်ဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တို့ဖြင့်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)