ပျော်ဘွယ်မြို့နယ်၊ အ.ထ.က(ရွာသစ်ကြီး)တွင် လူငယ်စကားဝိုင်း ကျင်းပ

ပျော်ဘွယ် ဖေဖော်ဝါရီ ၇

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ကျောင်းသူ လူငယ်လေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ကျင်းပခြင်းကို ယနေ့ နံနက် (၁၀) နာရီက အခြေခံပညာအထက်တန်းကျောင်း(ရွာသစ်ကြီး)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက အနာဂတ်မျိုးဆက်သစ်လူငယ်များ အသိပညာ၊ အတတ်ပညာ ထူးချွန်သူများ ပေါ်ထွန်းလာစေရန်၊ တစ်ဦးနှင့်တစ်ဦး၊ အသင်းအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်တတ်စေရန် စသည့် လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်၍ Grade-9 ကျောင်းသား(၂)နှစ်ဦးနှင့် ကျောင်းသူ(၂)ဦးတို့က မိုဘိုင်းဖုန်းဖြင့် အင်တာနက်ကို အကျိုးရှိစွာအသုံးပြုခြင်းများ၊ စာပေဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများ၊ အမျိုးသမီးများ ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍ ကောင်းကျိုး၊ ဆိုးကျိုးများကို ဦးဆောင်ဆွေးနွေးခဲ့ကြရာ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက လိုအပ်သည်များကို ထပ်ဆင့် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)