သံဖြူဇရပ် ဖေဖော်ဝါရီ ၇
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် ဗလငါးတန်ဖွံ့ဖြိုးစေရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက အ.လ.က(ခွဲ)အောင်ဇေယျကျောင်း၌ ဆောင်ရွက်သည်။
စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးသီက ကျောင်းသားကျောင်းသူများ ကျောင်းစာကိုကြိုးစားသင်ယူရင်း အားလပ်ချိန်၌ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရေး ကျောင်းစာကြည့်တိုက်ကိုအသုံးပြုပြီး ဗဟုသုတတိုးပွားရေး ပြင်ပစာပေများကို လေ့လာဖတ်ရှုကြစေရေးနှင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို အသိပညာပေးဟောပြောပြီး၊ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မြန်မာနိုင်ငံကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအကြောင်းအရာများ၊ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှကာကွယ်ထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဥ်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများမှစိတ်ပါဝင်စားစွာ
ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)