ဇမ္ဗူသီရိမြို့နယ်၊ အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၇

ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အသိပညာဗဟုသုတနှင့်ပြည့်စုံ၍ ထူးချွန်ထက်မြက်သည့် လူရည်မွန်‌လေးများဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၂၂)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အမှတ် (၂၂) အ‌ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းမော်က အဖွင့်အမှာစကား‌ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်စေရန်၊ စာအုပ်စာပေများမှရရှိသည့် အသိပညာဗဟုသုတများကို တစ်ဦးနှင့်တစ်ဦး ပြန်လည်မျှဝေဆွေးနွေးအသုံးချတတ်စေရန်၊ စာပေစွမ်းအားဖြင့် နိုင်ငံ့အကျိုး၊ အများပြည်သူအကျိုးကို တိုးတက်အောင် ဆောင်ရွက်နိုင်စေရန် အသိပညာပေးဟောပြောခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာန၊ ဒက္ခိဏခရိုင်ရုံးမှ ခင်းကျင်းပြသထားသည့် လူငယ်ရေးရာအသိပညာပေး နံရံကပ်ပြဘုတ်များနှင့် စာအုပ်စာပေများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေထက်ပိုင်(ပြန်/ဆက်)