ဟိုပုံးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဟိုပုံး  ဖေဖော်ဝါရီ  ၇

 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေက သစ်တောထိန်းသိမ်းရေး၊ သစ်တော၊ သစ်ပင်စိုက်ပျိုးပြုစုသည့်နည်းစနစ်များ၊ သစ်တောသစ်ပင်များမှပေးစွမ်းနိုင်သည့် အကျိုးကျေးဇူးများ၊ စားရေရိက္ခာဖူလုံဖို့ သစ်တောများကို ထိန်းသိမ်းစို့ ဆောင်းပါးပါ အကြောင်းအရာများကိုလည်းကောင်း၊ တောအုပ်ကြီး ဦးဝင်းသူရမှ မီးခိုးမြူငွေ့အန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် လျော့နည်းစေရေးအစီအစဉ်များကိုလည်းကောင်း၊ တောအုပ်ကြီး ဦးရဲဝင်းမှ ရေသယံဇာတထိန်းသိမ်းရေးအတွက်ရေနှင့်နွေ၊ နွေနှင့်ရေဆောင်းပါးပါ  အကြောင်းအရာများကိုလည်းကောင်း အသိပညာပေးဟောပြောကြသည်။

ထို့နောက် တက်ရောက်လာသည့် ကျောင်းသား/ကျောင်းသူများမှ သိရှိလိုသည်များကိုမေးမြန်းရာ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အဆိုပါ ဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်း‌ကျောင်းမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရှိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)