ဗိုလ်တထောင် ဖေဖော်ဝါရီ ၇
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၌ နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဗိုလ်တထောင်မြို့နယ်သမဦးစီးဌာနတွင် စာအုပ်များ လက်ဝယ်အရောက် အခမဲ့ငှားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့နယ်လှည့်ကွင်းဆင်းဆောင်ရွက်ရာတွင် ဗိုလ်တထောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာကြည့်တိုက်သို့ လာရောက်ငှားရမ်းရန် အခက်အခဲရှိသော စာပေချစ်မြတ်နိုးသူများအတွက် ဌာနဆိုင်ရာရုံးများသို့ အပတ်စဥ် သွားရောက်၍ လက်ဝယ်အရောက် နယ်လှည့်ကွင်းဆင်းပြီး သုတရသစာအုပ်များ၊ စာငှားသူ၊ စာဖတ်သူကြိုက်နှစ်သက်ရာစာအုပ်များအား စာငှား/စာဖတ်သူများထံအရောက် အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
မြတ်ဖူးခင်