လွိုင်လင်မြို့တွင် (Mobile Library)စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေး

လွိုင်လင် ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (Mobile Library)စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်းကို ယနေ့ မွန်းလွဲပိုင်းက အမှတ်(၅)အခြေခံပညာမူလတန်းလွန်ကျောင်းသို့ သွားရောက်ဆောင်ရွက်ခဲ့သည်။                                                 

ယင်းသို့ စာအုပ်/စာစောင်များငှားရမ်းပေးရာတွင် မအားလပ်၍ စာကြည့်တိုက်သို့ မလာရောက်နိုင်သူများ၊ စာအုပ်စာပေများကို လာရောက်ငှားရမ်းဖတ်ရှုရန် ခက်ခဲသူများအတွက် (Mobile Library)စနစ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် သုတ/ရသများ၊ မဂ္ဂဇင်းများနှင့် ဝတ္ထုစာအုပ်များ ငှားရမ်းပေးပြီး အပတ်စဉ်စာအုပ်အသစ်များ သွားရောက်လဲလှယ် ငှားရမ်းပေးလျက်ရှိသည်။

ဆက်လက်၍ ကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ထုတ်ဝေသော (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အယ်မင်း(လွိုင်လင်)