မန္တလေး ဖေဖော်ဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ဖေဖော်ဝါရီ (၇) ရက်နေ့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်(တောင်)ရပ်ကွက်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ အိမ်ထောင်စုအမှတ်စဉ် သတ်မှတ်ခြင်း၊ မိသားစုအမှတ်စဉ် သတ်မှတ်ခြင်းများကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးစိုးလွင်၊ မဟာအောင်မြေခရိုင်ဦးစီးမှူး ဦးဇင်ထက်နှင့် ချမ်းမြသာစည်မြို့နယ်ဦးစီးမှူး ဦးရဲမင်းထွန်းတို့သည်၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည် (တောင်)ရပ်ကွက်တွင် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း၊ အိမ်ထောင်စုအမှတ်စဉ် သတ်မှတ်ခြင်း၊ မိသားစုအမှတ်စဉ် သတ်မှတ်ခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။
အောင်ဇော်မင်း