မိုးနဲ ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မိုးနဲမြို့ဟော်နန်းဝင်းဆင်မြင့်နေရာ၌ကျင်းပခဲ့ရာ ရှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အလံစောင့်အဖွဲ့မှ ရှမ်းအလံကို လွှင့်တင်ပေးခဲ့ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှပေးပို့သော (၇၈)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖတ်ကြားခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှ ပေးပို့သော (၇၈)ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးငိုဘွယ်ကလည်းကောင်း၊ ရှမ်းပြည်နယ်နေဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ဒေါ်နန်းရွှေရင်ကလည်းကောင်း ဖတ်ကြားခဲ့ကြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်း(ခွဲ)တို့ပူးပေါင်းကျင်းပသော အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီး အကအဖွဲ့များက ယဉ်ကျေးမှုအကအလှများဖြင့်ဖျော်ဖြေ တင်ဆက်ခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)