ညောင်ရွှေမြို့၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

ညောင်ရွှေ ဖေဖော်ဝါရီ ၇

(၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်(၈)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းပ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားတက်ရောက်လာသူများက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံနှင့် ရှမ်းပြည်နယ်အလံတို့အား အလေးပြုကြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးမြင့်နိုင်ဦးက ဖတ်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှပေးပို့သော သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးအောင်ဆန်းဝင်းက ဖတ်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသီချင်းများဖြင့် ဂုဏ်ပြုကပြတင်ဆက်ဖျော်ဖြေခဲ့ကြပြီး အကအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ