ခိုလမ် ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်ပြည်သူ့ဆေးရုံကြီး၌ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ဆေးရုံအခြေပြု ကိုဗစ်ကာကွယ်ဆေး(Omicron XBB 1.5) ထိုးနှံပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများက ယနေ့ နံနက် (၁၀) နာရီအချိန်က ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် Omicron အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရန်အတွက် နောက်ဆုံးအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုကာလ အနည်းဆုံးခြောက်လရှိပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသည့် နိုင်ငံ့ဝန်ထမ်းများ၊ ပြည်သူများအားလိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်/စစ်ဆေးမှုများပြုလုပ်၍ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိရာ မြို့အုပ်ချုပ်ရေမှူး ဦးအောင်မင်းစိုးနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)