ကျိုင်းတုံမြို့၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကျင်းပ

ကျိုင်းတုံ ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားကို ယနေ့နံနက်  ၈ နာရီက ကျိုင်းတုံခရိုင် အားကစားကွင်းတွင်ကျင်းပရာ တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့်အဖွဲ့ဝင်များ၊ ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။    

ဦးစွာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တက်‌ရောက်လာကြသူများက  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ  (၇၈)နှစ်‌မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်မှူးချုပ် စိုးလှိုင်က ဖတ်ကြားပြီး ပွဲကျင်းပရေးကော်မတီထံ အမှတ်တရ လက်ဆောင်ပစ္စည်းပေးအပ်ချီးမြှင့်သည်။

ယင်းနောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှ (၇၈) နှစ်‌မြောက် ရှမ်းပြည်နယ်နေ့  အခမ်းအနားသို့ ပေးပို့သော သဝဏ်လွှာအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက ဖတ်ကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ပြသထားသည့် မသေးစား၊ အငယ်စား၊ အလတ်စား MSMEs ဒေသထုတ်ကုန်နှင့် ဒေသထွက်စားသောက်ကုန်ပြပွဲများနှင့် ဌာနဆိုင်ရာများမှ အသိပညာပေး နံရံကပ်စာစောင်ပြခန်းများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)