မိုင်းတုံမြို့၌ အခြေခံသတင်း‌ရေးသားနည်းသင်တန်း အမှတ်စဥ်(၂/၂၀၂၅)ဖွင့်လှစ်

မိုင်းတုံ ဖေဖော်ဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံသတင်း‌ရေးသားနည်းသင်တန်း အမှတ်စဥ်(၂/၂၀၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီချိန်ကကျင်းပခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က အခြေခံသတင်း‌ရေးသားနည်းသင်တန်း ဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့်ပက်သတ်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားပြီး သင်တန်းသားများ နံနက် (၉)နာရီ (၃၀) အချိန်တွင် သင်ခန်းစာများ စတင်ပို့ချခဲ့‌သည်။ ယင်းအခြေခံသတင်း‌ရေးသားနည်းသင်တန်းအမှတ်စဉ်(၂/၂၀၂၅) သင်တန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ လွင်မိုးနှင့်အဖွဲ့များI  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဝန်ထမ်းများ သင်တန်းသူ/သားများတက်ရောက်၍ သင်တန်းကို သင်တန်းသူ/သား(၂၀)ဦးဖြင့် သင်တန်းနည်းပြ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်မှ ၇.၂.၂၀၂၅ ရက်နေ့တွင်စာတွေ့နှင့် ၈.၂.၂၀၂၅ ရက်‌နေ့တွင် လက်တွေ့လေ့ကျင့်၍ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ကြောင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်ထံမှ သိရှိရသည်။

၀င်းဝင်းခိုင်(မြို့နယ်၊ပြန်/ဆက်)