ငါန်းဇွန်မြို့ အမှတ်(၂) အခြေခံပညာမူလတန်းကျောင်းတွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင် သုတရသ စာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်

ငါန်းဇွန် ဖေဖော်ဝါရီ ၇

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်/ သုတရသစာအုပ်စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိဒေါ်နေခြည်ဦးက (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကျောင်းသား/သူများအား ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲ ဆက်လက်ကျင်းပရာ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက ကလေး သူငယ်နှင့် ကလေးအလုပ်သမားတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးလုပ်သားဖြစ်ရခြင်း အကြောင်းအရင်းများ၊ ကမ္ဘာပေါ်နှင့် မြန်မာနိုင်ငံတွင် ကလေးလုပ်သားပေါင်း မည်မျှရှိကြောင်း၊ မြန်မာနိုင်ငံတွင် ကလေးလုပ်သား ပပျောက်ရေးနှင့် ပတ်သက်ပြီး ဥပဒေပြဋ္ဌာန်းချက်များ၊ အဆိုးရွားဆုံးပုံစံဖြင့် ကလေးများကို ခိုင်းစေခြင်းများအကြောင်း၊ ကလေးလုပ်သားပပျောက်ရန် လုပ်ဆောင်နေမှုများ စသည့်အကြောင်းအရာများကို ကျောင်း သား/သူများအား ရှင်းလင်းဆွေးနွေးဟောပြောသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဝန်ထမ်းများက ကျောင်းသား/သူများအား ဗိုလ်ချုပ်အောင်ဆန်း၏ ငယ်စဉ်ဘဝမှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံရေးလှုပ်ရှားမှုများနှင့် ပင်လုံစာချုပ် လက်မှတ်ရေးထိုးခဲ့ကြသူများ၏ မှတ်တမ်းဓာတ်ပုံများ ပါဝင်သည့် နံရံကပ်စာစောင်များ ကလေးအလုပ်သမား ပပျောက်ရေး ပူးပေါင်းကာကွယ် စောင့်ရှောက်ပေး နံရံကပ်စာစောင်များပြသခြင်းနှင့် သုတရသစာအုပ် စာစောင်များ ခင်းကျင်းပြသခြင်း ဆောင်ရွက်ပေးရာ ကျောင်းသား/သူများက စိတ်ဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။                                  

သက်နောင်ဦး(ငါန်းဇွန်)