ခိုလမ် ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.မ.က(နောင်ပိန်)တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် အ.မ.က(နောင်ပိန်) (ဒု-လ/ထ)(မူပြ)ဒေါ်ယုမွန်ထွန်းက ကျောင်းသား၊ကျောင်းသူများအနေဖြင့် အထိမ်းအမှတ်နေ့များကို မြတ်နိုးတန်ဖိုးထားရန်နှင့် မမေ့လျော့စေရန်ပြောကြားခဲ့ပြီး (စာကြည့်တိုက်လက်ထောက်-၃) ဒေါ်ဝေဝေအောင်က ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်အကြောင်းကို အကျယ်တဝင့်ရှင်းလင်းဟောပြောပေးခဲ့သည်။
နေလင်းထွန်း(ပြန်/ဆက်)