ကျောက်ဆည်မြို့နယ် အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းတွင် စာဖတ်သည့်အလေ့ အကျင့်ကောင်းများရရှိစေရန် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ

ကျောက်ဆည် ဖေဖော်ဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာ စောင်ပြပွဲကို ကျောက်ဆည်မြို့ အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နံနက်(၁၀) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၁၀) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးစိုးစိုးက ကျောင်းသား‌၊ကျောင်းသူများ ပညာတတ်ကြီးများဖြစ်အောင် လေ့လာမှတ်သွားကြရန် အမှာစကား ပြောကြားခဲ့ပြီး ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းရီက ကျန်းမာခြင်းသည်အဓိကဖြစ်ကြောင်း ကျန်းမာရေးကောင်းမွန်မှ ကျောင်းမှန်မှန်တက်နိုင်ပြီး ပညာတတ်ကြီးများဖြစ်အောင် ကြိုးစားရမည်ဖြစ်ကြောင်း ရာသီဥတု အပြောင်းအလဲကြောင့် ဖျားနာမှုမရှိစေရန် နေထိုင်သွားကြရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ကျန်းမာရေး အသိပညာပေးစာအုပ်များ၊ ဗဟုသုတရရှိစေမည့် စာအုပ်များ ရှာဖွေဖတ်ရှုရမှာဖြစ်ကြောင်း စာအုပ်ဖတ်ခြင်းမှ ရရှိလာသော အသိပညာများကို မိမိမိသားစု၊ မိမိသူငယ်ချင်းများကို မျှဝေသွား ကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား/ကျောင်းသူများအား စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေး စာအုပ်ပြပွဲနှင့် ကလေးအလုပ်သမားပပျောက်ရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)