(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အမျိုးသားဘောလုံး အားကစားပြိုင်ပွဲကျင်းပ

တပ်ကုန်း ဖေဖော်ဝါရီ ၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံး အားကစားပြိုင်ပွဲကျင်းပ ယှဉ်ပြိုင်လျက်ရှိရာ အောင်ဇေယျရပ်ကွက်အသင်းနှင့် အင်ပင်ကျေးရွာအသင်းတို့ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်က မြို့နယ်အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် အောင်ဇေယျရပ်ကွက်အသင်းက အင်ပင်ကျေးရွာအသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ အောင်ဇေယျရပ်ကွက်အသင်းနှင့် အင်ပင်ကျေးရွာအသင်းယှဉ်ပြိုင်ပွဲ တစ်လျှောက်လုံး အကောင်းဆုံး အားကစားသမားဆုကို အောင်ဇေယျရပ်ကွက်အသင်းမှ ကျောနံပါတ် ၂၃၊ ရှေ့တန်း၊ အားကစားသမား မောင်ဖြိုးဝေအောင်က ရရှိခဲ့ပြီး၊  ဆုတံဆိပ်အား ပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီဝင်တစ်ဦးက ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်