သံဖြူဇရပ်မြို့နယ်မူလွန်(​​ကျောင်းပိုင်း)​ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ်ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

သံဖြူဇရပ်       ​ဖေ​ဖော်ဝါရီ     ၅

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်​ရေးအဖြစ် ဗလငါးတန်ဖွံ့ဖြိုး​စေရေး အသိပညာ​ပေး​ဟော​ပြောခြင်း၊ နံရံကပ်စာ​စောင်နှင့်ပြပွဲကို ယနေ့နံနက်ပိုင်းက မူလွန်(​​ကျောင်းပိုင်း) ကျောင်း၌ ဆောင်ရွက်သည်။

စာဖတ်ရှိန်မြှင့်တင်​ရေးအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ​ဒေါ်​အေး​အေးသီက ​ကျောင်းသားကျောင်းသူ‌များ ​ကျောင်းစာကိုကြိုးစားသင်ယူရင်း အားလပ်ချိန်၌ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်​စေ​ရန်ကျောင်းစာကြည့်တိုက်တွင် ဗဟုသုတတိုးပွားရေးပြင်ပစာပေများကို လေ့လာဖတ်ရှုကြ​စေရေးနှင့် စာဖတ်ခြင်း၏အကျိုး​ကျေးဇူးကိုအသိ​ပညာ​ပေးဟော‌ပြောပြီး ကျောင်းအုပ်ဆရာမကြီးက​ ကျေးဇူးတင်စကား​ပြန်လည်ပြောကြားသည်။

ထို့​နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် မြန်မာနိုင်ငံကလေးအလုပ်သမားပ​ပျောက်​ရေးဆိုင်ရာအ​ကြောင်းအရာများ၊ ကလေးသူငယ်များစစ်မှုထမ်းခြင်းမှကာကွယ်ထိန်းသိမ်းရေးဆိုင်ရာသိ​ကောင်းစရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ယာဥ်အန္တရာယ်ကင်းရှင်း​ရေးဆိုင်ရာအသိပညာ​ပေးနံရံကပ်စာ​စောင်များကို ပြသထားရာ ​ကျောင်းသားကျောင်းသူများမှစိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြ​ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)