မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွ့ငြှိမ်းသတ်နည်း သရုပ်ပြသ

ရမည်းသင်း ဖေဖော်ဝါရီ  ၅

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်အတွင်း မီးဘေးအန္တရာယ်ကင်း‌ဝေးရေးအ‌တွက် ခရိုင်မီးသတ်ဦးစီးမှူး ဦး‌ဆောင်၍ နည်းပညာတက္ကသိုလ်(ရမည်းသင်း)ကျောင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်  ၁၀ နာရီအချိန်က နည်းပညာတက္ကသိုလ်(ရမည်းသင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းအုပ်ကြီး၊ ဒုတိယပါ မောက္ခချုပ် ဒေါက်တာမြတ်သူက အဖွင့်အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်မှ လျှပ်စစ်ကား (Electrical Vehicle-EV) များနှင့်စပ်လျဉ်း၍ မီးဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ စနစ်များအားလည်းကောင်း၊ ရမည်းသင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရလင်းမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်‌ရေး မီးသတ်ဥပဒေ၊ နည်းပဒေများ၊ မီးသတ်ဆေးဘူးသုံးစွဲနည်းများကို အသိပညာပေးဟောပြောဆွေးနွေးသည်။

ထို့နောက် ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်းနည်းသရုပ်ပြသကာ ကျောင်းသား/သူများမှ လက်တွေ့ငြှိမ်းသတ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ နည်းပညာတက္ကသိုလ်(ရမည်းသင်း) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဦးမြတ်သူနှင့် ဆရာ၊ဆရာမ(၂၀)ဦး၊‌ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်နှင့် မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးနှင့် ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)