ရွှေပြည်သာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပ‌ဒေဆိုင်ရာ အသိပညာပေးပြောပွဲကျင်းပ

ရွှေပြည်သာ ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ အမှတ်(၄)ရပ်ကွက် သာဓုကန်စက်မှုဇုန်ကျောက်စိမ်းလမ်းမရှိ (HermiteCo,ltd) အရုပ်အမျိုးမျိုးချုပ်လုပ်သည့် စက်ရုံ၌ ကျင်းပသည်။

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ နည်းဥပ‌ဒေဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် ရွှေပြည်သာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်နိုင်ဦး၊ အလုပ်သမား‌ရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ထွဋ်တို့က အသိပညာပေးဟောပြောကာ စက်ရုံအလုပ်ရှင်/ အလုပ်သမားများက သိရှိလိုသည်များကို မေးမြန်းရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲသို့ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးသိန်းလှိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ဇော်နိုင်ဦး၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဟန်ထွဋ်၊ စက်ရုံပိုင်ရှင်၊ အလုပ်သမားခေါင်းဆောင်များ၊ စက်ရုံအလုပ်သမားများ စုစုပေါင်း(၁၆၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

နေမျိုးထွန်း (ပြန်/ဆက်)