ကွန်ဟိန်းမြို့၌ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ငွေပေးအပ်

ကွန်ဟိန်း ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက် (၈၅) နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ငွေပေးအပ်ရာ  (၂၃-၁-၂၀၂၅) ရက်နေ့မှစ၍ ကွန်ဟိန်း မြန်မာ့စီးပွားရေးဘဏ်၌ သက်ကြီးဘိုးဘွားများနှင့် ကိုယ်တိုင်လာရောက် မထုတ်ယူနိုင်သည့် ဘိုးဘွားများက ကိုယ်စားလှယ်များဖြင့် လာရောက် ထုတ်ယူလျက်ရှိကြောင်းသိရသည်။

ထိုသို့ လူမှုရေးပင်စင်ငွေများ ထုတ်ပေးရာတွင် ၂၀၂၄-၂၀၂၅ (ပထမ၊ ဒုတိယ၊ တတိယ) သုံးလပတ်အတွက် ကွန်ဟိန်းမြို့နယ်အတွင်းမှ သက်ကြီးဘိုးဘွား (၁၀၀) ဦးအတွက် စုစုပေါင်း ငွေကျပ် (၈,၇၉၀,၀၀၀) သိန်းအား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လှိုင်ဇင်ဝင်းနှင့် ဝန်ထမ်းများ၊ မြန်မာ့စီးပွားရေးဘဏ်မှ မန်နေဂျာနှင့် ဝန်ထမ်းများတို့မှ စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ထုတ်ပေးခဲ့ပါသည်။

လူမှုရေးပင်စင်ငွေများကို (၄-၂-၂၀၂၅) ရက်နေ့အထိ ထုတ်ယူသူဦးရေ (၆၂) ဦးရှိပြီး ကျန်ရှိသည့် ဘိုးဘွားများအား ဆက်လက်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)