အလုံ ဖေဖော်ဝါရီ ၅
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် မြို့နယ်အတွင်းရှိ လိုင်စင်သက်တမ်းတိုးနှင့် လိုင်စင်သစ်လျှောက်ထားသော အထူးကုဆေးခန်းများအား ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် တိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာရန်နောင်ထွန်း ဦးဆောင်သောပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီနှင့် အနောက်ပိုင်းခရိုင်ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့မှ အလုံမြို့နယ်အတွင်းရှိ သက်တမ်းတိုးလျှောက်ထားသော Family doctor အထူးကုဆေးခန်း (သာမာန်ဓာတ်ခွဲ၊ သာမာန်ဓာတ်မှန်)၊ မေတ္တာတော် အထူးကုဆေးခန်း၊ လိုင်စစ်သစ်လျှောက်ထားသော LVC အရေပြားအထူးကုဆေးခန်း၊ Beauty by doctor အရေပြားအထူးကုဆေးခန်းနှင့် Mudra အခြေခံရိုးရိုးဓာတ်ခွဲလုပ်ငန်းနှင့် CLL Health Shin Saw Pu (အထူးဓာတ်မှန်)တို့အား ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ယောဧရာ(မြို့နယ်ပြန်/ဆက်)