ပျော်ဘွယ် ဖေဖော်ဝါရီ ၅
ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များ၊ စာပေဝါသနာရှင်များစုပေါင်း၍ စာဖတ်ဝိုင်းကျင်းပခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ညီညီနိုင်ရေးသားသည့် “အဖိုးတန်တဲ့လူ အဖိုးတန်တဲ့ဘဝ” စာအုပ်ပါအကြောင်းအရာကို ဖတ်ရှုကာ မိမိတို့၏အတွေးအမြင်များကို အပြန်အလှန်ဆွေးနွေးကြ သည်။
စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာသည် လူတိုင်းတွင်ထားရှိသင့်သော စိတ်ဓာတ်မြင့်မားမှု တန်ဖိုး၊ အလုပ်အပေါ်ထားရှိမှုတန်ဖိုးများ မြင့်တက်လာအောင် လမ်းညွှန်မှုပြုထားပါကြောင်း၊ သို့မှသာ လူတိုင်းပင်ကိုယ်အရည်အချင်းမြင့်မားမှုကို တွေ့ကြုံရမည်ဖြစ်ကြောင်းတို့အား ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
မင်းမင်းထွေး(ပျော်ဘွယ်)